
အီတလီကလပ် အေစီမီလန်အသင်းဟာ လီဗာပူးကြယ်ပွင့်ကစားသမားဟောင်း ဒီဗော့အိုရီဂီကို စာချုပ် ဖျက်သိမ်းလိုက်ပြီး အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ပါတယ်။
အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်က လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အေစီမီလန်ဆီ ပြောင်းရွှေ့ခဲ့တာပါ။
အေစီမှာ တရာသီပဲကစားခဲ့ပြီး နောက်တရာသီမှာ နော်တင်ဟမ်ဖောရက်စ်ဆီ အငှားချခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အေစီမီလန်ဆီပြန်ရောက်လာပေမဲ့ ပွဲထွက်ကစားခွင့်မရတော့တဲ့ အိုရီဂီဟာ အခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင်မှာ စာချုပ် ဖျက်သိမ်းခြင်းခံခဲ့ရတာပါ။
အိုရီဂီဟာ စပါးနဲ့ ကစားခဲ့တဲ့ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒုတိယ အနိုင်ဂိုးသွင်းခဲ့သလို ဘာစီလိုနာကို အံ့ဖွယ်ကျော်ဖြတ်ခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာလည်း ၂ ဂိုး သွင်းပြီး သူရဲကောင်း ဖြစ်ခဲ့သူ ဖြစ်ပါတယ်။


