
လီဗာပူးနောက်ခံလူ ကော်နာဘရက်ဒ်လေဟာ အာဆင်နယ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်တဲ့အထိ ပြန်ကစားနိုင်မှာမဟုတ်ဘဲ လွဲချော်တော့မှာပါ။
အသက် ၂၂ နှစ်ရှိ မြောက်အိုင်ယာလန်ကစားသမားဟာ အာဆင်နယ်နဲ့ပွဲ ပြီးခါနီးမှာ ဘောလုံးလိုက်ဆယ်ရင်း ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ပြင်းထန်မှုရှိတာကြောင့် ခွဲစိတ်ကုသမှု ခံယူသွားရမှာပါ။
ညာနောက်ခံလူ အာနိုးလ် ထွက်ခွာသွားပြီးနောက်မှာ ဘရက်ဒ်လေက အသင်းရဲ့ အမာခံကစားသမား ဖြစ်လာပြီး အခုနှစ် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ပွဲထွက်ကစားခဲ့ပါတယ်။
ဘရက်ဒ်လေ ရာသီကုန်အထိ အနားယူရမဲ့သတင်းက နည်းပြ စလော့အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ကွင်းလယ်လူ ဆိုဘိုစလိုင်း ဒါမှမဟုတ် ဗဟိုနောက်ခံလူ ဂျိုးဂိုမက်ဇ်တို့ထဲက တယောက်နဲ့ အစားထိုး အသုံးပြုသွားရဖို့ ရှိပါတယ်။


