
ဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ထိပ်ဆုံး ၅ သင်းနေရာအတွက် စိန်ခေါ်နိုင်တော့မှာ မဟုတ်ကြောင်း နည်းပြအမ်မရီက ပြောသွားပါတယ်။
ဇန်နဝါရီ ၁၈ ရက် မနေ့က ကစားသွားတဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ တဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့အခြေအနေအပေါ် နည်းပြအမ်မရီက သုံးသပ်သွားခဲ့တာပါ။
ဗီလာဟာ အဲဗာတန်ကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်နဲ့ ၄ မှတ်ကွာ အခြေအနေကို ရောက်ရှိသွားမှာဖြစ်ပေမဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၇ မှတ် ကွာသွားခဲ့တာပါ။
ထိပ်ဆုံး ၅ သင်းနေရာအတွက် တခြားအသင်းတွေက ပိုမိုအလားအလာရှိပြီး မိမိတို့ ဗီလာအသင်းက စိန်ခေါ်နိုင်မှာ မဟုတ်သေးကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
ဗီလာဟာ မန်စီးတီးနဲ့ ရမှတ်တူ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အဆင့် ၄ နေရာက လီဗာပူးကို ၇ မှတ်၊ အဆင့် ၅ နေရာက မန်ယူအသင်းကို ၈ မှတ် အသီးသီးဖြတ်ထားပါတယ်။


