
အခုနှစ်ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် အာဆင်နယ်အသင်း သတ်မှတ်ခံရ ပါတယ်။
ဘောလုံးအချက်အလက်သုတေသနအဖွဲ တခုဖြစ်တဲ့ Opta Analyst ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အာဆင်နယ်က ဒုတိယနေရာက ဘိုင်ယန်မြူနစ်ထက် ရာခိုင်နှုန်းထက်ဝက်ကျော်အသာနဲ့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတာပါ။
ဗိုလ်စွဲဖို့ရေပန်းစားမှုမှာ အာဆင်နယ်က ၂၉ ဒသမ ၈ ရာခိုင်နှုန်းအထိရှိနေပြီး ဒုတိယနေရာက ဘိုင်ယန်မြူးနစ်က ၁၄ ဒသမ ၉ ရာခိုင်နှုန်းပဲသတ်မှတ်ခံခဲ့ရတာပါ။
အဲဒီနောက် မန်စီးတီးက ဗိုလ်စွဲဖို့ ၁၀ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ခံထားရပြီး လီဗာပူး၊ ချဲလ်ဆီး၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတွေက အစဉ်လိုက်ရပ်တည်ပါတယ်။
ထူးခြားမှုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဗိုလ်စွဲဖို့ ရာခိုင်နှုန်း ၁ ဒသမ ၉ ရာခိုင်နှုန်းသာရှိပြီး စပါးနဲ့ နယူးကာဆယ်အသင်းတွေက ရီးရဲလ်မက်ဒရစ်ကလပ်ထက် ရေပန်းစားမှု ရာခိုင်နှုန်း ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
Photo;Reuters


