Home
အားကစား
ဘင်ဖီကာကို ရှုံးပြီး ရီးရဲလ်အသင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တိုက်ရိုက်တက်ခွင့်မရ
DVB
·
January 29, 2026
Photo: Reuters

ဥရောပ ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီမနက် အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘင်ဖီကာအသင်းကို (၂-၄) ဂိုးနဲ့ ရှုံးနိမ့်ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ခွင့်နဲ့ လွဲသွားပါတယ်။

ရီးရဲလ်အတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး အမ်ဘာပေက ပထမပိုင်း မိနစ် ၃၀ မှာ သွင်းယူခဲ့ပေမဲ့ ဘင်ဖီကာအသင်း ကစားသမား ရှယ်လ်ဒါရပ်က ၃၆ မိနစ်မှာပဲ ချေပဂိုး ပြန်သွင်းခဲ့တာပါ။

အဲဒီနောက် ပထမပိုင်းပွဲကစားချိန်ရဲ့ နာကျင်အချိန်ပိုနဲ့ ဒုတိယပိုင်း ၅၄ မိနစ်မှာ ဘင်ဖီကာ ကစားသမားတွေဖြစ်တဲ့ ဘက်ဗလီဒိစ်နဲ့ ရှယ်လ်ဒါရပ်တို့က ဘင်ဖီကာအတွက် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ တိုက်စစ်မှူး အမ်ဘာပေကပဲ ချေပဂိုးတဂိုး ထပ်သွင်းခဲ့ပေမဲ့ နောက်ထပ်လိုအပ်တဲ့ ချေပဂိုးကိုတော့ ရီးရဲလ်တို့ မရခဲ့ပါဘူး။

အဲဒီနောက် ဒုတိယပိုင်းပွဲကစားချိန်ပြီးလို့ နာကျင်အချိန်ပို ၉၂ မိနစ်နဲ့ ၉၇ မိနစ်မှာ ရီးရဲလ်ကစားသမားတွေဖြစ်တဲ့ အဆန်ဆီယိုနဲ့ ရိုဒရီဂိုတို့ ထုတ်ပယ်ခံခဲ့ရပါတယ်။

၉၈ မိနစ်မှာတော့ ဘင်ဖီကာဂိုးသမား ထရူးဘင်က ပစ်ဒဏ်ဘောကနေတဆင့် ခေါင်းတိုက်ပြီး ဘင်ဖီကာအတွက် အနိုင်ဂိုးတဂိုး ထပ်သွင်းခဲ့တာပါ။

ဒီရှုံးပွဲကြောင့် ရီးရဲလ်အသင်းက ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ခွင့်မရခဲ့ပေမဲ့ ဘင်ဖီကာကတော့ ၁၆ သင်းအဆင့်တက်ဖို့ ရှုံးထွက်ပွဲကစားခွင့် ရသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013