
ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ် နည်းပြကလော့ပ်က ငြင်းဆို သွားပါတယ်။
ရတ်ဘူးလ်အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲ တာဝန်ယူထားတဲ့ ကလော့ပ်ကတော့ လိုက်ပ်ဇစ်အသင်းမှာ အဆင်ပြေနေပြီး တခြားတနေရာဆီ ပြောင်းရွှေ့မဲ့ အစီအစဉ်မရှိသေးကြောင်း ပြောပါတယ်။
အနာဂတ်မှာ ဘောလုံးအသင်းတသင်းရဲ့ နည်းပြ ဖြစ်လာဦးမှာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ နည်းပြအလုပ်တာဝန်နဲ့ မတူညီတာတွေကို လုပ်ဆောင်ချင်သေးကြောင်း နည်းပြ ကလော့ပ်က ပြောပါတယ်။
ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ ၂ ပတ်လောက်က နည်းပြ အလွန်ဆိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အရန်အသင်းနည်းပြ အာဘီလိုအာကို ရာသီကုန် အထိ တာဝန်ပေးထားတာ ဖြစ်ပါတယ်။
Photo: Reuters


