
ဇန်နဝါရီ ၁၂ ရက်မှာ ကစားမဲ့ စပိန်ဖလား ဗိုလ်လုပွဲမှာ စပိန်အစဉ်အလာ ပြိုင်ဘက် ၂ သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အကြိုဗိုလ်လုပွဲမှာ ဘာကာက ဘီဘာအိုအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့သလို ဒီနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ် ဒါဘီပွဲမှာလည်း ရီးရဲလ်မက်ဒရစ်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲတက်လာတာ ဖြစ်ပါတယ်။
ဘာကာနဲ့ ရီးရဲလ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲကတော့ ၂၀၂၅ အောက်တိုဘာလက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်ဖြစ်ပြီး အဲဒီပွဲမှာ အိမ်ရှင် ရီးရဲလ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။
လက်ရှိ စပိန် လာလီဂါ အမှတ်ပေးဇယားမှာလည်း ဘာစီလိုနာအသင်းက အမှတ်ပေးဇယားထိပ်မှာ ရမှတ် ၄၉ မှတ်နဲ့ ဦးဆောင်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းက ရမှတ် ၄၅ မှတ်နဲ့ ဒုတိယနေရာကနေ ဖိအားပေးနေပါတယ်။


