
ရီးရဲလ်နဲ့ ဘရာဇီးကြယ်ပွင့် အန်ဒရစ်ဟာ အသင်းမှာ ပွဲထွက်ခွင့်နည်းပါးခဲ့ပြီးနောက် ပြင်သစ်ကလပ် လိုင်ယွန်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။
အသက် ၁၉ နှစ်ရှိ တိုက်စစ်ကစားသမားဟာ ရီးရဲလ်နဲ့ ၂ ရာသီကာလအတွင်းမှာ ပွဲပေါင်း ၄၀ လောက် ကစားခဲ့ပြီး ၈ ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။
အခုနှစ် ရာသီမှာ နည်းပြအလွန်ဆို ရောက်လာပြီးနောက် ပွဲထွက်ခွင့် ပိုမိုနည်းပါးသွားခဲ့ပြီး ၃ ပွဲပဲ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ဖူးပါတယ်။
လိုင်ယွန်အသင်းဟာ ပြင်သစ်လီဂူးဝမ်းမှာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။ အန်ဒရစ် အနေနဲ့ ပြင်သစ်လိဂ်ရဲ့ စည်းမျဉ်းတွေအရ ဇန်နဝါရီ ၃ ရက်မှာ ကစားမဲ့ မိုနာကိုနဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှသာ အသင်းအတွက် ပွဲကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။


