
တောင်ကိုရီးယားကုမ္ပဏီ အင်နိုစပေ့စ်ဟာ ဘရာဇီးနိုင်ငံမြောက်ပိုင်း မာရန်းညိုးပြည်နယ်ရှိ အာလ်ကန်တရာ အာကာသစင်တာကနေ ဒုံးပျံတစင်းကို ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက လွှတ်တင်ခဲ့ပါတယ်။
ရာသီဥတုဆိုးရွားမှုကြောင့် နာရီအနည်းငယ် နှောင့်နှေးပြီးနောက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၁၃ မိနစ်မှာ အာလ်ကန်တရာ အာကာသစင်တာရဲ့ ဒုံးပစ်လွှတ်စင်တခုကနေ ဟန်ဘစ်-နာနို ယာဉ်ကို လွှတ်တင်ခဲ့တာပါ။
အဲဒီဒုံးပျံက အာကာသထဲကို ဂြိုဟ်တု ၅ လုံး သယ်ဆောင်သွားတာကြောင့် အသစ်စက်စက် အာကာသကုမ္ပဏီဟာ သူ့ဖောက်သည်ရဲ့ ဂြိုဟ်တုကို ပတ်လမ်းထဲကို လွှတ်တင်ပေးခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယား ပုဂ္ဂလိကကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
Source: Reuters


