
ကမ္ဘာ့အချမ်းသားဆုံးဘောလုံးအသင်းစာရင်းမှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းက ထိပ်ဆုံး ကနေ ရပ်တည်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄၄-၂၀၂၅ ရာသီက ပွဲနေ့မှာရရှိဝင်ငွေတွေအပါအဝင် ရုပ်သံထုတ်လွှင့်ခနဲ့ စီးပွားရေးကြော်ငြာတွေကနေရရှိတဲ့ ဝင်တွေကို အဓိကတွက်ချက်ပြီး ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Dloitte’s Football Money League က ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီအထိ အချမ်းသားဆုံးဘောလုံးအသင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက နံပါတ် တစ် နေရာမှာရပ်တည်နေပြီး ပြိုင်ဘက် ဘာစီလိုနာအသင်းက ကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံနဲ့ ဒုတိယနေရာမှာရပ်တည်ပါတယ်။
ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်က ကန်ဒေါ်လာ ၁ ဒသမ ၀၁ ဘီလီယံနဲ့ အဆင့် ၃ မှာရပ်တည်ခဲ့ပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီက ကန်ဒေါ်လာ ၉၇၉ ဒသမ ၄ သန်းနဲ့ အဆင့် ၄ မှာရပ်တည်ပါတယ်။
ပရီးမီးယားလိဂ်က လီဗာပူးက ကန်ဒေါ်လာ ၉၇၈ ဒသမ ၃ သန်းနဲ့ အဆင့် ၅၊ မန်စီးတီးက ကန်ဒေါ်လာ ၉၇၀ ဒသမ ၄ သန်းနဲ့ အဆင့် ၆၊ အာဆင်နယ်က ကန်ဒေါ်လာ ၉၆၁ ဒသမ ၅ သန်းနဲ့ အဆင့် ၇ နေရာတွေမှာ အသီးသီးရပ်တည်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်မလို့ ဝင်ငွေကျဆင်းသွားတဲ့ မန်ယူနိုက်တက်ကတော့ ကန်ဒေါ်လာ ၉၂၈ သန်းနဲ့ အဆင့် ၈ နေရာ၊ စပါးအသင်းက ကန်ဒေါ်လာ ၇၈၇ သန်းနဲ့ အဆင့် ၉ နေရာ၊ ချဲလ်ဆီးအသင်းက တော့ ကန်ဒေါ်လာ ၆၈၃ သန်းခွဲနဲ့ အဆင့် ၁၀ နေရာမှာရပ်တည်နေပါတယ်။
ထိပ်ဆုံးအသင်း ၂၀ စာရင်းမှာ ပရီးမီးယားလိဂ်က အက်စ်တန်ဗီလာ၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းအသင်းတွေလည်း ပါဝင်ပါတယ်။
Photo: Reuters


