
လိဒ်ယူနိုက်တက်နဲ့ပွဲမှာ မာဒူအက်ကေကို ပွဲထွက်ခွင့်ပေးခဲ့တာက ကြိုးစားမှုရဲ့ရလဒ်အဖြစ် အခွင့်အရေး ပြန်လည်ပေးအပ်ခဲ့တာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
မာဒူအက်ကေဟာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ ဆာကာရဲ့ ညာတောင်ပံနေရာမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာပါ။
မာဒူအက်ကေဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ထောင့်ကန်ဘောက ကန်တင်ပေးတာကနေ ဂိုးသမားက ကိုယ့်ဂိုးကို သွင်းခဲ့လို့ အသင်းအတွက် ဒုတိယဂိုးဖြစ်စေခဲ့ပြီး ဇူဘီမန်ဒီရဲ့ ဦးဆောင်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။
မာဒူအက်ကေဟာ အမြဲတမ်းအဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတဲ့ ကစားသမားဖြစ်ပြီး အခွင့်အရေးရဖို့ အမြဲတမ်းလည်း စောင့်မျှော်နေတတ်ပြီး ဒီလိုလုပ်ဆောင်မှုတွေက သူ့ကို ပွဲထွက်ခွင့်ရရှိစေခဲ့တာဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။


