
အာဆင်နယ်နဲ့ လီဗာပူး တိုက်စစ်ကစားသမားဟောင်း ချိန်ဘာလိန်ဟာ စကော့တလန်ကလပ် ဆဲလ်တစ် အသင်းဆီ ပြောင်းရွှေ့သွားပါတယ်။
အသက် ၃၂ နှစ်ရှိ အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက တူရကီကလပ် ဘက်တစ်တပ်အသင်းကနေ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး အာဆင်နယ်မှာ လေ့ကျင့်ခန်းဆင်းခဲ့ပါသေးတယ်။
ဆဲလ်တစ် နည်းပြနဲ့ ဦးစွာဆွေးနွေးခဲ့ပြီးနောက် မိမိနဲ့ ကိုက်ညီမဲ့အသင်းလို ခံစားရပြီး အသင်းရဲ့ ရည်မှန်းချက်တွေအတွက် ကူညီနိုင်မယ်လို့ မျှော်လင့်ကြောင်း ချိန်ဘာလိန်က ပြောပါတယ်။
ချိန်ဘာလိန်ဟာ ပွဲအပေါ် အကျိုးသက်ရောက်မှုပေးနိုင်တဲ့ ကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်နိုင်မှုနဲ့ အတွေ့အကြုံကောင်းတွေက အသင်းကို ကူညီနိုင်လိမ့်မယ်လို့ နည်းပြ အိုနေးလ်က ပြောသွားပါတယ်။


