
တိုက်စစ်မှူးဟာလန်းကို ဖိအားမများဖို့ မှာကြားထားကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ဟာလန်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ၂၁ ဂိုးသွင်းထားပြီး သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်တယ်ဆိုတဲ့ အများရဲ့ မျှော်မှန်းချက်တွေက ဟာလန်းအတွက် ဖိအားအနည်းငယ် ဖြစ်စေကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဟာလန်းကို အကောင်းဆုံး ကြိုးစားကစားဖို့သာ မှာကြားထားပြီး သွင်းဂိုးတွေအတွက် ဖိအားအများကြီးမထားဖို့ အမြဲတမ်း မှာကြားကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဟာလန်း ကိုယ်တိုင်ကလည်း အသင်းကို ကူညီနိုင်ဖို့အတွက် သူ့မှာတာဝန်ရှိတယ်ဆိုတဲ့ ဖိအားတွေ အများကြီးထားရှိသူဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။


