
တိုက်စစ်မှူးဟာလန်း မပါဝင်ချိန်မှာ ခြေစွမ်းပြခဲ့တဲ့ မာမွတ်ရှ်ကို မန်စီးတီးနည်းပြဂွါဒီယိုလာက ချီးကျူးသွားပါတယ်။
အီဂျစ်တိုက်စစ်ကစားသမားဟာ ဝုဗ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟာလန်းရဲ့ နံပါတ် ၉ တိုက်စစ်မှူးနေရာမှာ ပွဲထွက်ကစားခဲ့ပြီး ပွဲအစ ၆ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
နည်းပြဂွါဒီယိုလာဟာ ပွဲဆက်များနေတဲ့ ဟာလန်းကို ပွဲချိန် ၇၄ မိနစ်မှ လူစားလဲခဲ့ပြီး မာမွတ်ရှ်ရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးသွားခဲ့တာပါ။
မာမွတ်ရှ်ဟာ မနှစ်က အသင်းကို ရောက်ရှိစဉ်ကတည်းက အသင်းအတွက် အရေးပါခဲ့ပြီး သူ မပါဝင်ဘဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရော၊ အက်ဖ်အေဖလားဗိုလ်လုပွဲပါ ရောက်ရှိနိုင်မှာမဟုတ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
မာမွတ်ရှ်ဟာ အသက်အရွယ် မငယ်တော့သလို အသက်ကြီးတဲ့ ကစားသမားလည်း မဟုတ်ကြောင်းနဲ့ သွင်းဂိုးရှာဖွေရာမှာ ကျွမ်းကျင်ပြီး ထူးခြားတဲ့ကစားသမားဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
Photo: Reuters


