
မန်ချက်စတာဒါဘီမှာ ပိုကောင်းတဲ့အသင်းက အနိုင်ရသွားတာဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝန်ခံသွားပါတယ်။
မန်စီးတီးဟာ မန်ယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံဆုအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့တာပါ။
မန်စီးတီးအသင်းအနေနဲ့ ရလဒ်ကောင်းရဖို့ ဘယ်လိုစွမ်းအားတွေ လိုအပ်တယ်ဆိုတာ ပြောပြထားပြီး ဖြစ်ပေမဲ့ မိမိတို့အသင်း မလုပ်နိုင်တဲ့ အရာတွေကို ယူနိုက်တက်က လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ပိုကောင်းတဲ့အသင်းက အနိုင်ရရှိသွားတာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဒီပွဲက မိမိအတွက် ၂၇ ကြိမ်မြောက် ဒါဘီပွဲစဉ်ဖြစ်လို့ အိုးထရတ်ဖို့ဒ်ကို အကြိမ်များစွာ လာရောက်ခဲ့ဖူးကြောင်း၊ ဒီနေ့စွမ်းဆောင်ရည်ဟာ မိမိတို့အသင်းအတွက် လိုအပ်တဲ့ ခြေစွမ်းအဆင့်အတန်းမှာ မရှိခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ရှေ့လာမဲ့ပွဲစဉ်တွေက အသင့်စောင့်ကြိုနေတာကြောင့် အရှိတရားကို လက်ခံကာ ရှေ့ဆက်သွားဖို့ပဲ အာရုံစိုက်ရမှာ ဖြစ်ကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။


