
ဘုန်းမောက်ကစားသမား ဆမ်မန်ညိုဟာ မန်စီးတီးဆီပြောင်းရွှေ့ဖို့ အလုံးစုံသဘောတူညီခဲ့ပြီး နောက် ဆေးစစ်မှုခံယူသွားမယ်လို့ သိရပါတယ်။
ဂါနာလက်ရွေးစင်တိုက်စစ်ကစားသမားအတွက် မန်စီးတီးက စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး မကြာခင်မှာ ဆေးစစ်မှုလုပ်ဆောင်ပြီး တရားဝင် ထုတ်ပြန်သွားဖို့ရှိပါတယ်။
ဆမ်မန်ညိုဟာ ဘုန်းမောက်နဲ့ နောက်ဆုံး ပွဲစဉ်အဖြစ် ဇန်နဝါရီ ၈ ရက်မှာ ကစားမဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားသွားမှာဖြစ်ကြောင်းလည်း ဘုန်းမောက်နည်းပြ အီရာအိုလာက အတည်ပြုပါတယ်။
ဆမ်မန်ညိုဟာ ဘုန်းမောက်အတွက် အစားထိုးလို့ မရတဲ့ ကစားသမားဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
Photo: Reuters


