
မန်စီးတီးအသင်းအနေနဲ့ ရလဒ်ကောင်းတွေပြန်လည်ရယူဖို့ လိုအပ်ကြောင်း နည်းပြ ပတ်ဂွါဒီယိုလာ က ပြောသွားပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ မန်ယူအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့သလို နော်ဝေကလပ် ဘိုဒိုဂလစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးကအာဆင်နယ်နဲ့ ၇ မှတ်ပြတ်နေပြီး ရလဒ်ကောင်းတွေနဲ့အတူ ပြန်လာနိုင်ဖို့ လိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ ရလဒ်ကောင်းတွေ မရရှိခဲ့ပေမဲ့ ရှေ့ဆက်သွားဖို့လိုအပ်ပြီး ဝုဗ်နဲ့ ဂါလာစာရေးအသင်းတွေနဲ့ ကစားးရမဲ့ ပွဲစဉ်တွေမှာ မှားယွင်းမှုတွေကို ပြောင်းလဲသွားဖို့ လိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
Photo:Reuters


