
နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင် ပေါလ်တီယာနီဟာ ချဲလ်ဆီးကစားသမားတွေရဲ့ ပွဲကြိုစုစည်းတိုင်ပင်မှုထဲမှာ ဝင်ရောက်နေရာယူခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ လီယမ်ရိုဆင်နီယာက မကျေမနပ် ဝေဖန်လိုက်ပါတယ်။
ပွဲမစခင် ဘောလုံးကို ထိန်းသိမ်းဖို့အတွက် တီယာနီဟာ အလယ်စည်းမှာ ရှိနေခဲ့ရာကနေ ချဲလ်ဆီးကစားသမားတွေ ဝိုင်းလာချိန်မှာ ဖယ်မပေးဘဲ အလယ်မှာ ဆက်ရှိနေခဲ့တာပါ။
ရိုဆင်နီယာက “ဒိုင်အနေနဲ့ အဲ့ဒီလိုတွေလုပ်မဲ့အစား သူ့အလုပ်သူ အာရုံစိုက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ပဲ ကြိုးစားသင့်တယ်"လို့ ဆိုခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ကိုးလ်ပါလ်မာ ဖျက်ထုတ်ခံရမှုကို ပင်နယ်တီမပေးခဲ့တာနဲ့ ပတ်သက်ပြီး PGMOL ထံ တိုင်ကြားသွားမယ်လို့လည်း သူက ပြောပါတယ်။
ဒီ “Huddle” လုပ်တာဟာ အသင်းရဲ့ စည်းလုံးမှုကို ပြသဖို့ ကစားသမားတွေနဲ့ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ထားတာဖြစ်ပြီး တခြားသူတွေကို မလေးစားတာမျိုး မဟုတ်ဘူးလို့လည်း ရိုဆင်နီယာက ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။


