Home
အားကစား
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် အင်္ဂလန်ကလပ်များ ရှုံးနိမ့်
DVB
·
March 12, 2026
Photo: Reuters

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို မတ် ၁၁ ရက်နဲ့ ၁၂ ရက် မနက်တွေမှာ ကစားခဲ့ရာ အင်္ဂလန်ကလပ်အသင်း တသင်းမှ နိုင်ပွဲမရခဲ့ပါဘူး။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို အင်္ဂလန်ကလပ်အသင်း ၆ သင်းအထိ တက်လာခဲ့တာဖြစ်ပေမဲ့ တသင်းမှ နိုင်ပွဲမရခဲ့တာပါ။

မတ် ၁၁ ရက်က ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အင်္ဂလန်ကလပ် လီဗာပူးက တူရကီကလပ် ဂါလာတာစာရေးကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို စပါးအသင်းကလည်း အက်သလက်တီကို မက်ဒရစ်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းကတော့ ဘာစီလိုနာအသင်းကို တဂိုးစီ သရေကျခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အင်္ဂလန်ကလပ် မန်စီးတီးအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီးအသင်းကလည်း PSG အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ လေဗာကူဆင်အသင်းကို တဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်ကလပ် ၆ သင်းမှာ ၃ သင်းက ပြိုင်ဘက်တွေကို ၃ ဂိုးပြတ်စီနဲ့ ရှုံးနိမ့်ထားပြီး နောက်တဆင့်တက်ဖို့ အခွင့်အလမ်းနည်းတဲ့ အနေအထား ဖြစ်သွားပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တွေကို လာမဲ့ မတ် ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကစားကြမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013