
အာဆင်နယ်ဟာ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ တဂိုးစီ သရေ ကျခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ လေဗာကူဆင်ရဲ့ ထောင့်ကန်ဘောကနေတဆင့် အန်ဒရစ်ချ်က ခေါင်းတိုက်ပြီး အာဆင်နယ်ကို ဦးဆောင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အမြဲတမ်း Set-piece ကနေ ဂိုးတွေရလေ့ရှိတဲ့ အာဆင်နယ်ဟာ ဒီတကြိမ်မှာတော့ ကိုယ်ပိုင် လက်နက်နဲ့ပဲ ပြန်လည်အကျပ်ရိုက်ခဲ့ရလို့ နည်းပြ အာတီတာကတော့ အာရုံစူးစိုက်မှု အားနည်း ခဲ့တာကို စိတ်ပျက်မိကြောင်း ပြောပါတယ်။
ပွဲပြီးခါနီး ၈၉ မိနစ်မှာတော့ လူစားဝင်လာတဲ့ ကိုင်ဟာဗက်ဇ်က ပင်နယ်တီကနေတဆင့် အသင်း အတွက် အဖိုးတန်ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့တာပါ။
ဒီသရေရလဒ်ကြောင့် အာဆင်နယ်ဟာ ဒုတိယအကျော့ အဲမရိတ်ကွင်းမှာ ကစားရမဲ့ပွဲအတွက် အခွင့်အရေးရှိနေဆဲဖြစ်ပေမဲ့ အဝေးကွင်းနိုင်ပွဲရဖို့ မျှော်လင့်ချက်တော့ လွဲချော်ခဲ့ရပါတယ်။
Photo: Reuters


