
OPTA Supercomputer ရဲ့ ခန့်မှန်းချက်အရ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့ အခွင့်အရေးအများဆုံး အသင်းမှာ လီဗာပူး ဖြစ်နေပါတယ်။
စူပါကွန်ပျူတာရဲ့ အကြိမ်ပေါင်း ၁၀,၀၀၀ စမ်းသပ်တွက်ချက်မှုအရ အက်စ်တွန်ဗီလာက ၈၀ ရာခိုင်နှုန်း၊ မန်ယူက ၇၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ချဲလ်ဆီးက ၆၅ ဒသမ ၇ ရာခိုင်နှုန်းစီ အသီးသီး အခွင့်အရေးရှိနေကြပြီး လီဗာပူးကတော့ ၆၃ ဒသမ ၁ ရာခိုင်နှုန်းသာ ရရှိထားတာပါ။
လက်ရှိရလဒ်တွေအရ ဗီလာက အဆင့် ၃၊ မန်ယူက အဆင့် ၄ နဲ့ ချယ်လ်ဆီးက အဆင့် ၅ နေရာမှာ ရပ်တည်ပြီး လီဗာပူးကတော့ အဆင့် ၆ နဲ့သာ ကျေနပ်ရမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ အဆင့် ၅ အထိ ချန်ပီယံလိဂ်ဝင်ခွင့်ရမဲ့ အခြေအနေမှာ လီဗာပူးအတွက် စိုးရိမ်စရာ ဖြစ်လာတာပါ။


