
လီဗာပူးအသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၅ ဂိုး ၂ ဂိုး နဲ့ ဂိုးပြတ်အနိုင်ရကာ အဆင့် ၅ နေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။
ဒါဟာ ဒါဟာ ၂၀၂၅ ဧပြီလက စပါးကို ၅ ဂိုးသွင်းပြီး ချန်ပီယံဆုကို အတည်ပြုနိုင်ခဲ့တဲ့ ပွဲပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ၅ ဂိုးပြတ်နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာပါ။
ပထမပိုင်းမှာတင် ၃ ဂိုးသွင်းနိုင်ခဲ့ပြီး ၃ ဂိုးစလုံးဟာ set-piece(တည်ကန်ဘော) ကနေတဆင့် လာခဲ့ကြတာပါ။
ဒါဟာ set-piece နည်းပြဟောင်း အာရွန်ဘရစ်ဂျ် ထွက်ခွာပြီးနောက်ပိုင်း လီဗာပူးလ်ရဲ့ set-piece အသုံးချပုံက ပုံစံကောင်းပြလာတာလည်း ဖြစ်ပြီး လီဗာပူးရဲ့ နောက်ဆုံး ၉ ဂိုးမှာ ၇ ဂိုးကအထိ set-piece ကနေ ရရှိခဲ့တာဖြစ်ပါတယ်။
နည်းပြ အာနယ်စလော့ကတော့ ဒါဟာ ထူးခြားတဲ့ပြောင်းလဲမှုထက် အရင်က အခွင့်အရေးရပေမဲ့ ဂိုးမဝင်ခဲ့တာတွေ “ပုံမှန်ပြန်ဖြစ်လာတာ”လို့ပဲ ဆိုပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ အဆင့် ၅ အတွင်းသို ဝင်လာပြီး တပွဲလျော့ ကစားထားတဲ့ မန်ယူနဲ့ အမှတ်တူ ၄၈ မှတ်၊ အဆင့် ၃ က အက်စတွန်ဗီလာနဲ့ ၃ မှတ်ပဲ ကွာဟတော့တာကြောင့် ချန်ပီယံလိဂ်ဝင့်ခွင့်အတွက် အခြေအနေကောင်းတခုကို ဖန်တီးနိုင်ခဲ့ပါတယ်။


