
ဖေဖော်ဝါရီ ၂၂ ရက် မနေ့ညက နော်တင်ဟမ်ဖောရက်စ်ရဲ့ အိမ်ကွင်း စီးတီးဂရောင်းကို သွားရောက် ကစားခဲ့တဲ့ပွဲမှာ လီဗာပူးအသင်းက မက်က်အလစ်စတာရဲ့ အချိန်ပို နောက်ကျသွင်းဂိုးကြောင့် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ လီဗာပူးနည်းပြ အာနဲစလော့က ဒီရာသီမှာ ကံကောင်းတယ်လို့ ခံစားခဲ့ရတာ ဒါဟာ ပထမဆုံးဖြစ်ကြောင်း၊ လီဗာပူးအနေနဲ့ ဂိုးမပေးခဲ့ရပေမဲ့ ကစားပုံဆိုးရွားခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဒီပွဲက အသင်းရဲ့ အဆိုးရွားဆုံးသောကစားပုံ ဖြစ်နိုင်ကြောင်းနဲ့ သရေကျခဲ့ရင်လည်း ခြေစွမ်းအရ ထိုက်တန်တဲ့ရလဒ်ဖြစ်ကြောင်း ပြောသွားပါတယ်။
ဒါဟာ နည်းပြစလော့ လီဗာပူးကို ရောက်လာပြီးနောက်ပိုင်း ဖောရက်စ်နဲ့ ၄ ပွဲ ယှဥ်ပြိုင်ကစားရာမှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။


