
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဝုဗ်နည်းပြဟောင်း ဗစ်တာပါရဲယားကို နည်းပြချုပ်အဖြစ် တာ ဝန်ပေးလိုက်ပါတယ်။
ပေါ်တူဂီနည်းပြဟာ ဂရိကလပ် အိုလံပီယာကော့စ်မှာတာဝန်ယူစဉ်က ပြည်တွင်းဆုဖလား ၂ လုံးရယူနိုင်ခဲ့သူဖြစ်ပြီး အခုနှစ်ရာသီနော်တင်ဟမ်အသင်းရဲ့ စတုတ္ထမြောက် နည်းပြ ဖြစ်လာမှာပါ။
နော်တင်ဟမ်ပိုင်ရှင် မာရီနာကစ်နဲ့ နည်းပြပါရဲယားတို့ဟာ ဂရိကလပ်မှာကတည်းက အတူလက်တွဲခဲ့ကြသူတွေဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တကျော့ပြန် တွေ့ဆုံကြတော့မှာပါ။
နော်တင်ဟမ်အသင်းဟာ အသက် ၅၇ နှစ်ရှိ နည်းပြပါရဲယားအတွက် ၁၅ သင်းမြောက် တာဝန်ယူမဲ့ ကလပ် အသင်းဖြစ်လာမှာပါ။
သူဟာ မနှစ်ကရာသီက ဝုဗ်အသင်းကို တနှစ်နီးပါကြာတာဝန်ယူခဲ့ပြီး လိဂ်မှာ တန်းတင်ကျန်ရစ်အောင် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters


