
အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေအတွက် မဲခွဲပွဲကို ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့ရာမှာ မန်စီးတီးအသင်းက နယူးကာဆယ်နဲ့ ပွဲကျပ်တွေ့ခဲ့ပြီး အာဆင်နယ်၊ လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတို့က ပွဲချောင်ခဲ့ပါတယ်။
မန်စီးတီးက နယူးကာဆယ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်က လိဂ်ဝမ်းကလပ် မန်စ်ဖီးအသင်းနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာပါ။
လီဗာပူးက ဝုဗ်အသင်းရဲ့ကွင်းမှာ ကစားရမှာဖြစ်ပြီး ချဲလ်ဆီးက ရက်စ်ဟမ်အသင်းနဲ့ အဝေးကွင်းမှာပဲ ရင်ဆိုင်သွားရမှာပါ။
တခြားပွဲစဉ်တွေအဖြစ် ဖူဟမ်နဲ့ ဆောက်သမ်တန်၊ လိဒ်နဲ့ နောဝစ်ချ်၊ ဝက်စ်ဟမ်းနဲ့ ဘရန့်ဖို့ဒ်၊ ပေါ့သ်ဗေးနဲ့ ဘရစ္စတိုးလ်စီးတီးပွဲက အနိုင်ရတဲ့အသင်းက ဆန်းဒါးလန်းနဲ့ တွေ့ဆုံပါတယ်။
ပဉ္စမအဆင့်မှာ စုစုပေါင်း ၁၆ သင်းသာ ကျန်ရှိတော့ပြီး လာမဲ့ မတ် ၇ ရက်နဲ့ ၈ ရက်တွေမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


