
ခြေစွမ်းတည်ငြိမ်မှုရှိရှိနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရယူဖို့ နောက်ခံလူဗန်ဒိုက်က တိုက်တွန်းသွားပါတယ်။
ဆန်းဒါးလန်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဗန်ဒိုက်က တလုံးတည်းသော အနိုင်ဂိုး သွင်းခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိလာခဲ့တာပါ။
လီဗာပူးဟာ ဆန်းဒါးလန်းကို အနိုင်ရပြီးနောက် လက်ကျန် ၁၃ ပွဲအလိုမှာ အဆင့် ၄ နေရာက မန်ယူအသင်းနဲ့ ၃ မှတ်ကွာဟနေပြီး အဆင့် ၅ နေရာက ချဲလ်ဆီးနဲ့ ၂ မှတ်ကွာ အခြေအနေကို ရောက်ရှိလာခဲ့တာပါ။
ဆန်းဒါးလန်းကွင်းက အလွန်ခက်ခဲတဲ့နေရာဖြစ်ပြီး ပေးဂိုးမရှိဘဲ အနိုင်ရခဲ့တာက ကြီးမားတဲ့ အောင်ပွဲဖြစ်ကြောင်းနဲ့ လက်ရှိခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လက်ကျန်ပွဲတိုင်းမှာ ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ဖို့ လိုအပ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။


