
PSG နဲ့ပွဲမှာ ဘောလုံးကောက်သမားလေးတယောက်ကို တွန်းလှဲခဲ့တဲ့ ချဲလ်ဆီး တိုက်စစ်ကစားသမား ပက်ဒရိုနက်တိုကို UEFA က စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဖို့ စတင်လုပ်ဆောင်နေပါတယ်။
အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် နက်တိုဟာ အဆိုပါဖြစ်ရပ်ကြောင့် “အားကစားသမားစိတ်ဓာတ်ကင်းမဲ့မှု” နဲ့ စွဲချက်တင်ခံထားရပြီး ပြစ်ဒဏ်ချမှတ်မှုကို မကြာမီ ဆုံးဖြတ်သွားမှာပါ။
နက်တိုကတော့ အဆိုပါဖြစ်ရပ်ဟာ ပွဲတွင်း စိတ်လှုပ်ရှားမှုကြောင့်ဖြစ်ပြီး အကြိမ်ကြိမ် တောင်းပန်ခဲ့သလို သူ့ရဲ့ဂျာစီကိုပါ လက်ဆောင်ပေးခဲ့ကြောင်း ရှင်းလင်းထားပါတယ်။
ပေါ်တူဂီအသင်းဖော် ဗီတင်ညာကလည်း နက်တိုဟာ ဒီလိုစရိုက်မျိုးရှိသူ မဟုတ်ကြောင်း ဘောလုံးကောက်လေးကို ဝိုင်းဝန်းရှင်းပြပေးခဲ့ပါတယ်။
လာမဲ့ဗုဒ္ဓဟူးနေ့မှာ PSG နဲ့ ဒုတိယအကျော့ ပြန်လည်ကစားရမဲ့ ချဲလ်ဆီးအတွက် နက်တိုရဲ့ ပြစ်ဒဏ် အခြေအနေဟာ အသင်းအပေါ် သက်ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။


