
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်ထဲမှာ မတ် ၁၄ ရက် မနေ့ညက မီးလောင်ခဲ့ပြီး Level 2 အဆင့်နဲ့ ၄ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ဇေကမ္ဘာစက်မှုဇုန် ၁၀ လမ်းမှာ မနေ့ ည ၈ နာရီ ၁၈ မိနစ်က မီးလောင်တဲ့ သတင်းရလို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေ ထွက်ခွာခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ည ၈ နာရီ ၃၂ မိနစ်မှာ Level 1 ယာဉ်အုပ်စုတွေ ထွက်ခွာပြီး နောက်ထပ် ၂ မိနစ်အကြာ ၈ နာရီ ၃၄ မိနစ်မှာ စုစုပေါင်း မီးသတ်ယာဉ် အစီး ၂၀ ပါဝင်တဲ့ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။
အချိုရည်စက်ရုံ မီးလောင်တာလို့ သိရပြီး ည ၉ နာရီ ၂၆ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပေမဲ့ မတ် ၁၅ ရက် မနက် ၁၂ နာရီခွဲမှာမှ မီးငြိမ်းသွားတယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။
မီးလောင်ရာကို ကြက်ခြေနီနဲ့ လူမှုကူညီရေးအသင်းအဖွဲ့ကလည်း ရေသယ်ကားတွေနဲ့ လာရောက် ပူးပေါင်းကူညီခဲ့ကြပြီး ပျက်စီးဆုံးရှုံးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။
Video : Thurein Tun


