Home
နိုင်ငံတကာ
ဟော်မုဇ်ရေလက်ကြား၌ အီရန်က မိုင်းထောင်သည့် အထောက်အထားမရှိဟု ပင်တဂွန်ပြော
DVB
·
March 14, 2026
Photo :Reuters

ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံလောက် ဖြတ်သန်းသွားရာ အီရန်နိုင်ငံက ဟော်မုဇ် ရေလမ်းကြောင်း ထဲမှာ မိုင်းတွေထောင်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာမှာ တိကျခိုင်လုံတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ်က မတ် ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေး-အီရန် စစ်ပွဲ ၁၄ ရက်မြောက် ရောက်ရှိလာပြီး  ကမ္ဘာ့ရေနံစျေးတွေ တစည်ကို ဒေါ်လာ ၁၀၀ နားအထိ ထိုးတက်နေချိန်မှာပဲ အီရန်ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီကလည်း ရေလက်ကြား ကို ဆက်ပိတ်ထားမယ်လို့ စိန်ခေါ်ထားတာပါ။ 

မိုင်းတွေ ထောင်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းရာမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ်က ဟော်မုဇ်ရေလက်ကြားကို ဘယ်နည်းနဲ့မှ အပိတ်ခံမှာမဟုတ်ဘဲ ကုန်သွယ်ရေး သယ်ယူပို့ဆောင်မှု တွေ ဆက်လည်ပတ်နိုင်အောင် အစီအစဉ်တွေ အသင့်ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီး ဟဂ်ဆသ်ဟာ CNN နဲ့ ABC News တို့ရဲ့ စစ်ရေးသတင်း ဖော်ပြမှု တွေကိုလည်း သတင်းမှားတွေဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး မီဒီယာတွေရဲ့ စစ်ပွဲ သတင်းတင်ဆက်ပုံက အလေးအနက်မရှိဘူးလို့လည်း စွပ်စွဲပြောပါတယ်။

CNN ရဲ့ သတင်းဖော်ပြမှုတွေကို “သတင်းမှားတွေ” လို့ ခေါ်ဆိုခဲ့ပြီး ABC News ရဲ့အမေရိကန်ကို တုံ့ပြန်နိုင်ဖို့ အီရန်ဘက်က ဒရုန်းတိုက်ခိုက်မှု ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားတဲ့ FBI သတိပေးချက်နဲ့ ပတ်သက်တဲ့ သတင်းကိုလည်း ဝေဖန်ခဲ့ပါတယ်။

Source: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013