
အီရန်ရဲ့ ရေနံအချက်အချာဖြစ်တဲ့ ခါ့ဂ်ကျွန်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို အမေရိကန်က အားလုံး ဖျက်ဆီးလိုက်ပြီလို့ သမ္မတဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့သင်္ဘောတွေကို တိုက်ခိုက်တာ မရပ်တန့်ဘူးဆိုရင် ရေနံအဆောက်အအုံတွေကိုပါ တိုက်ခိုက်မယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ထားပါသေးတယ်။
ထရမ့်ပ်ဟာ သူ့ပိုင်တဲ့ ဆိုရှယ်မီဒီယာ Truth မှာ အမေရိကန်က ခါ့ဂ်ကျွန်းကို တိုက်ခိုက်တဲ့ ရုပ်သံဖိုင် ကို စာဖော်ပြခြင်းမရှိဘဲ တင်ထားတာတွေ့ရပါတယ်။
ခါ့ဂ်ကျွန်းဟာ အီရန်ရဲ့ ကမ်းခြေ တခုဖြစ်ပြီး ၁၆ မိုင် အကျယ်ရှိကာ ဟော်မုဇ်ရေလက်ကြားနဲ့ မိုင် ၃၀၀ ဝေးပါတယ်။ ဒီကျွန်းဟာ အီရန်နိုင်ငံက ရောင်းချတဲ့ ရေနံတွေရဲ့ ၉၀ ရာခိုင်နှုန်းကို တင်ပို့ပေးတဲ့ နေရာလည်း ဖြစ်ပါတယ်။
Source: Reuters


