Home
အားကစား
ကမ္ဘာ့ဖလားတွင် အီရန်အသင်း ပါဝင်ယှဉ်ပြိုင်ရန် မသင့်တော်ဟု သမ္မတထရမ့်ပ် ပြော
DVB
·
March 13, 2026
FILE PHOTO: World Cup - Asian Qualifiers - Group A - Iran v North Korea

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အမျိုးသားဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုဆိုတယ်လို့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပေမဲ့ အသင်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် လာရောက်ဖို့ မသင့်တော်ဘူးလို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်အဓိပတိ အလီခါမေနီ သေဆုံးခဲ့ပြီးနောက် ၂ နိုင်ငံအကြား စစ်ရေးတင်းမာမှုတွေ အထွတ်အထိပ် ရောက်ရှိနေချိန်မှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အီရန်အားကစားဝန်ကြီး အာမက်ဒိုညာမာလီကလည်း သူတို့ခေါင်းဆောင် လုပ်ကြံခံရမှုကြောင့် အခုလိုအခြေအနေမျိုးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ကစားသမားတွေ အတွက် လုံခြုံမှုမရှိကြောင်း တုံ့ပြန်ထားပါတယ်။

တကယ်လို့ အီရန်အသင်းသာ နုတ်ထွက်ခဲ့ပါက သူ့နေရာမှာ အစားထိုးမဲ့အသင်းကို FIFA က စည်းမျဉ်းတွေအရ ဆုံးဖြတ်ရမှာဖြစ်ပေမဲ့ လက်ရှိမှာတော့ ဘယ်အသင်းဖြစ်လာမယ် ဆိုတာကို မသိရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013