Home
မြန်မာသတင်း
ကိုဖုန်းမော်နေ့တွင် ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ်အိမ်ရှေ့ ဆန္ဒပြ
DVB
·
March 14, 2026
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo : DVB
Photo : DVB

၁၉၈၈ အရေးတော်ပုံမှာ အသက်ပေးခဲ့ရတဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့ ဒီမိုကရေစီအရေးမှာ အသက် ပေးခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတွက် မတ် ၁၃ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့မှာ ဆန္ဒပြ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

စက်မှုတက္ကသိုလ်၊ ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော်ဟာ ၁၉၈၈ မတ် ၁၃ ရက်မှာ စစ်တပ်က ပစ်ခတ်လို့ အသက်ဆုံးရှုံးခဲ့တာဖြစ်ပြီး ကိုဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့ အဖြစ် နိုင်ငံရေးအသိုက်အဝန်းက သတ်မှတ်ဂုဏ်ပြုထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုအစကတည်းက ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေဟာ အပတ်စဉ်တိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်တိုက် ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ သံရုံးဝန်ထမ်းတွေကို ရာထူးတာဝန်ကနေ နုတ်ထွက်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပြီး အစောပိုင်းမှာ ဝန်ထမ်းတချို့ CDM ဝင်ခဲ့ပေမဲ့ အများစု ကတော့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ကြပါဘူး။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “ကျနော်တို့ ဒီစစ်ကောင်စီ သံရုံးကို လာတာ အကြိမ်ပေါင်း ၁၀၀ ကျော်ပါပြီ။ အခုထိ ဒီကောင်တွေ လူလိုနားမလည်သေးဘူး။ ကျနော်တို့က နိုင်ငံတကာသံအမတ်တွေ၊ သံတမန်တွေဆိုတာ ပညာတတ်တွေလို့ နားလည်ထား တယ်။ ဒီမအလရဲ့ လက်အောက်ခံသံရုံးဝန်ထမ်းတွေဟာ လုံးဝ လူလို နားမလည်ဘူး။ လူတွေသာ တယောက်ပြီးတယောက် ပြောင်းသွားတယ်၊ အခုထိ ထွက်မလာသေးဘူးပေါ့နော်။ တော်လှန်ရေး အောင်တဲ့အချိန်မှ ကျနော်တို့ဘက်ကိုလာပြီးတော့ အညံ့ခံတယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီတရားစီရင်ရေးနဲ့ ဒီကောင်တွေကို ကျနော်တို့ တရားစီရင်မှာပါ” လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေး ၅ နှစ်ကျော်လာချိန်မှာ တော်လှန်ရေးဘက်က အသာစီးယူနိုင်ခဲ့တာတွေ ရှိသလို အားနည်းချက် တချို့လည်း ရှိခဲ့တာပါ။

ဖြစ်ပေါ်နေတဲ့ ပြဿနာတချို့ကို သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်ဖို့ လိုအပ်တယ်လို့ ၁၉၉၀ အလွန် နိုင်ငံရေးအခြေအနေတွေနဲ့နှိုင်းယှဉ်ပြီး ၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ဒေါ်အတာက အကြံပြုပါတယ်။

“ဒီစစ်တပ်မပြုတ်မချင်း ဘယ်တော့မှ ငါအိမ် မပြန်ဘူးဆိုတဲ့စိတ်ကို တွေးလိုက်တာပေါ့။ ဇွဲရှိ ရမယ်၊ သတ္တိရှိရမယ်၊ အဓိကက ရိုးသားရမယ်။ မရိုးသားခဲ့လို့ရှိရင် ဒီစစ်တပ်ကကောင်တွေ ဖျက်ဆီးတဲ့ဒဏ်ကို ခံပြီးတော့မှ ပျက်စီးသွားပြီးတော့မှ အရှင်းဆုံးပြောရရင် သစ္စာဖောက်တွေ ဖြစ်သွားမယ်။ အဲဒီသစ္စာဖောက်တွေ ဖြစ်သွားတာနဲ့အမျှ ဒီတော်လှန်ရေး ပျက်သုဉ်းသွားရင် တိုင်းပြည်ဟာ နစ်နာသွားမှာပဲ။”

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကိုချဉ်းကပ်ပြီး စစ်ကောင်စီကို အစိုးရတရပ်အဖြစ် အသိအမှတ် မပြုရေး၊ အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ ပိုပြီးပြုလုပ်ဖို့၊ တော်လှန်ရေးအင်အားစုတွေကို အသိအမှတ်ပြုပြီး အကူအညီပေးဖို့ စတာတွေကို နည်းလမ်းပေါင်းစုံနဲ့ တိုက်တွန်းဆောင်ရွက် နေကြပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013