
“ထရမ့်ပ် ထွက်သွား” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ပြည်သူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီး ၁ နှစ်ပြည့်တဲ့နေ့မှာ ဆန္ဒပြချီတက်ပွဲတွေ ပြန်လုပ်ခဲ့တာဖြစ်ပါတယ်။ ၏
ဆန္ဒပြသူတွေဟာ National Mall မှာ စုဝေးခဲ့ကြပြီး လွှတ်တော်အထိ ချီတက်ဆန္ဒပြခဲ့ကာ “ထရမ့်ပ် ထွက်သွား” ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး လူထောင်ပေါင်းများစွာ ချီတက်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဝီလျံစကော့ ကယ်လီက “ကျနော်တို့ သေချာတဲ့ အလုပ်အကိုင်လိုအပ်ပါတယ်။ သေချာတဲ့ လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။ ဒီမြို့တော်မှာ ကျနော်တို့ အကြမ်းမဖက်ဘဲ ဆန္ဒဖော်ထုတ်ခွင့်တွေလိုအပ်ပါတယ်။ ဒီမြို့တော်ဟာ တန်းတူအခွင့်အရေးရရှိမှုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အမြဲတမ်း လုပ်ဆောင်သင့်ပါတယ်” လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲကို ဖက်ဆစ်ဝါဒဆန့်ကျင်တဲ့အဖွဲ့က အစိတ်အပိုင်းတခုအဖြစ် ဦးဆောင်ပြုလုပ်တာဖြစ်ပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ဒီမိုကရေစီနဲ့ အရပ်ဘက်အခွင့်အရေးတွေ ခြိမ်းခြောက်မှုတွေကို အကြမ်းမဖက်ဆန္ဒပြဖို့ လူပေါင်းများစွာ စုဝေးဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ သံပြိုင်ကြွေးကြော်သံတွေနဲ့ စာတမ်းတွေကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့တာပါ။ ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ ထရမ့်ပ် အာဏာဖယ်ရှားခံရတဲ့အထိ စည်းရုံးဆန္ဒပြမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။


