
စပါးအသင်းဟာ ယာယီနည်းပြ အီဂေါတူဒေါကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင် အစားထိုး နိုင်မဲ့ နည်းပြသစ်တွေကို စတင်ရှာဖွေနေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
တူဒေါဟာ စပါးအသင်းကို တာဝန်ယူပြီးနောက် ၄ ပွဲကစား ၄ ပွဲစလုံး ရှုံးနိမ့်ထားခဲ့ပြီး အသင်းကို တန်းဆင်းဇုန်အနားအထိ ရောက်ရှိသွားစေခဲ့တာပါ။
အထူးသဖြင့် အက်သလက်တီကိုနဲ့ပွဲမှာ ဂိုးသမား ကင်စကီးကို ၁၇ မိနစ်အတွင်း လူစားလဲခဲ့ ပြီးနောက် ဂရုမစိုက်ဘဲ ပစ်ထားခဲ့တဲ့ တူဒေါရဲ့ လူစီမံခန့်ခွဲမှုပုံစံအပေါ် ကစားသမားတွေနဲ့ ပရိသတ် တွေက အပြင်းအထန် ဝေဖန်နေကြပါတယ်။
တူဒေါကတော့ နည်းပြသစ်တယောက်လာရုံနဲ့ ပြဿနာတွေ ပြေလည်သွားမယ်လို့ ထင်နေကြတာက ရယ်စရာကောင်းကြောင်းနဲ့ လက်ရှိအခြေအနေကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့ လိုအပ်ကြောင်း တုံ့ပြန်ထားပါတယ်။
စပါးအသင်းဟာ မနက်ဖန် တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ရလဒ်မကောင်းခဲ့ရင် တူဒေါရဲ့ ရာထူးဟာ အဆုံးသတ်သွားဖွယ် ရှိနေပါတယ်။
Photo: Reuters


