
စပါးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြချုပ်နေရာအတွက် ဂျူဗင်တပ်စ် နည်းပြဟောင်း အီဂေါတူဒါကို ရာသီကုန်အထိစာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။
အသက် ၄၇ နှစ်ရှိ ခရိုအေးရှားနည်းပြဟာ ပြီးခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ ရာထူး ၁၂ ကြိမ်အပြောင်းအလဲ လုပ်ဆောင်ခဲ့သူဖြစ်ပြီး ဂရိ၊ တူရကီ၊ အီတလီနဲ့ ပြင်သစ်ကလပ်တွေမှာ ဖြတ်သန်းခဲ့တာပါ။
မာဆေး၊ လာဇီယိုအပါအဝင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ အထိ ဂျူဗင်တပ်စ်အသင်းကို နောက်ဆုံးတာဝန်ယူခဲ့သူပါ။
စပါးအသင်းဟာ ကနဦးမှာ ဒေါ့မွန်နည်းပြဟောင်း မာကိုရို့စ်နဲ့ အီဒင်တာဇစ်တို့ကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ ခရိုအေးရှားနည်ပြ တူဒါကိုပဲ ရာသီကုန်အထိစာချုပ်နဲ့ တာဝန်ပေးအပ်ခဲ့တာပါ။
တူဒါဟာ ယာဂင်ကလော့ပ်စတိုင်နဲ့ အသင်းကို တည်ဆောက်တတ်သူဖြစ်ပြီး ကစားသမား အားလုံးကို ပြင်းပြတဲ့စိတ်ဓာတ်နဲ့ လုပ်အားနှုန်းကို အထူးပြုပြီး ကစားခိုင်းသူဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။
Photo: Reuters


