Home
အားကစား
ကစားသမားအပြောင်းအရွှေ့စီမံမှုအပေါ် စပါးအသင်းခေါင်းဆောင် ရိုမဲရိုး ဝေဖန်
DVB
·
February 3, 2026
Photo :Reuters

စပါးအသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ စီမံမှုအပေါ် အသင်းခေါင်းဆောင် ရိုမဲရိုးက ပြန်လည် ဝေဖန်လိုက်ပါတယ်။ 

စပါးအသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် မန်စီးတီးနဲ့ ၂ ဂိုးစီ သရေကျတဲ့ ပွဲစဉ်မှာ စီနီယာကစားသမား ၁၁ ယောက်သာ ကစားနိုင်ခဲ့တာကို ရိုမဲရိုးက ထောက်ပြပြီး အသင်းရဲ့ အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှု မရှိတဲ့အပေါ် ဝေဖန်ခဲ့တာပါ။

စပါးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ပိတ်သိမ်းချိန်မှာ လူငယ်ကစားသမား တယောက်သာ ခေါ်ယူနိုင်ခဲ့ပြီး အသင်းကြီးမှာ ကစားနိုင်မဲ့ ကစားသမား တယောက်မှ မခေါ်ယူခဲ့တဲ့အပေါ်မှာလည်း ရိုမဲရိုးက ဝေဖန်ပါတယ်။ 

ပွဲတစ်ပွဲအတွက် ကစားသမား ၁၁ ယောက်ပဲ ကစားနိုင်တာက မယုံကြည်နိုင်စရာဖြစ်ပေမဲ့ အမှန်တကယ်ဖြစ်ပြီး ရှက်စရာ ကောင်းကြောင်းနဲ့ အခြေအနေဆိုးတွေကိုပြောင်းလဲနိုင်ဖို မိမိတို့ ဘက်က ဆက်လက်ကြိုးပမ်းသွားဖို တာဝန်ရှိကြောင်း နောက်ခံလူ ရိုမဲရိုးက ပြောပါတယ်။

စပါးအသင်းမှာ ရစ်ချာလီဆင်၊ ကူဒက်စ်၊ မက်ဒီဆန်၊ ကူလူဆက်စ်ကီးတို့အပါအဝင် အဓိက ကစားသမား ၉ ယောက်လောက်က ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရတာဖြစ်ပါတယ်။

Photo:Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013