
ပရီးမီးယားလိဂ်ပြိုင်ပွဲက အကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ စပါးနည်းပြ သောမက်စ်ဖရန့်ခ်က ပြောပါတယ်။
ဖရန့်ဖတ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် စပါးအသင်းက အဆင့် ၄ နေရာကနေ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်က အသင်း ၅ သင်းက ထိပ်ဆုံး ၈ သင်းစာရင်းမှာ ရပ်တည်နိုင်ခဲ့ကြတာပါ။
ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံး လိဂ်ဆိုတာ အရင်ကတည်းက ပြောပြခဲ့ကြသလို လက်ရှိ ချန်ပီယံလိဂ်ရလဒ်တွေက အဲဒီပြောဆိုချက်တွေကို သက်သေပြလိုက်တာဖြစ်ကြောင်း စပါးနည်းပြ သောမက်စ်ဖရန့်ခ်က ပြောပါတယ်။
ပီအက်စ်ဂျီနဲ့ သရေကျခဲ့တဲ့ နယူးကာဆယ်အသင်းကပဲ ၁၆ သင်းအဆင့်အတွက် ပလေးအော့ဖ် ကစားခွင့် ရရှိမှာဖြစ်ပြီး နယူးကာဆယ်အသင်းသာ ၁၆ သင်းအဆင့်တက်လာမယ်ဆိုရင် သမိုင်း တလျှောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်း ၆ သင်းအထိ ၁၆ သင်းအဆင့်ဆီ တက်လှမ်းနိုင်တာ ဖြစ်လာမှာဖြစ်ပါတယ်။


