Home
အားကစား
ပရီးမီးယားလိဂ်က အကောင်းဆုံးလိဂ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ဟု စပါးနည်းပြပြော
DVB
·
January 29, 2026
Photo: Reuters

ပရီးမီးယားလိဂ်ပြိုင်ပွဲက အကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ စပါးနည်းပြ သောမက်စ်ဖရန့်ခ်က ပြောပါတယ်။ 

ဖရန့်ဖတ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် စပါးအသင်းက  အဆင့် ၄ နေရာကနေ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်က အသင်း ၅ သင်းက ထိပ်ဆုံး ၈ သင်းစာရင်းမှာ ရပ်တည်နိုင်ခဲ့ကြတာပါ။ 

ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံး လိဂ်ဆိုတာ အရင်ကတည်းက ပြောပြခဲ့ကြသလို လက်ရှိ ချန်ပီယံလိဂ်ရလဒ်တွေက အဲဒီပြောဆိုချက်တွေကို သက်သေပြလိုက်တာဖြစ်ကြောင်း စပါးနည်းပြ သောမက်စ်ဖရန့်ခ်က ပြောပါတယ်။ 

ပီအက်စ်ဂျီနဲ့ သရေကျခဲ့တဲ့ နယူးကာဆယ်အသင်းကပဲ ၁၆ သင်းအဆင့်အတွက် ပလေးအော့ဖ် ကစားခွင့် ရရှိမှာဖြစ်ပြီး နယူးကာဆယ်အသင်းသာ ၁၆ သင်းအဆင့်တက်လာမယ်ဆိုရင် သမိုင်း တလျှောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်း ၆ သင်းအထိ ၁၆ သင်းအဆင့်ဆီ တက်လှမ်းနိုင်တာ ဖြစ်လာမှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013