
ချဲလ်ဆီးနဲ့ စပါးအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ကြောင်း ဘရာဇီးကွင်းလယ်လူ လူးကပ် ပါကေတာက ထုတ်ဖော်ပြောသွားပါတယ်။
အသက် ၂၈ နှစ်ရှိ ကွင်းလယ်လူ ပါကေတာဟာ ဝက်စ်ဟမ်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် မန်စီးတီးအပါအဝင် ချဲလ်ဆီးနဲ့ စပါးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့တာပါ။
၂၀၂၃ ခုနှစ်တုန်းက မန်စီးတီးက ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမဲ့ လောင်းကစားဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုခံခဲ့ရလို့ အပြောင်းအရွှေ့မဖြစ်ခဲ့တာပါ။
အဲဒီဖြစ်ရပ်နောက်ပိုင်းမှာ အင်္ဂလန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ ပါကေတာဟာ ချဲလ်ဆီးနဲ့ စပါးအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ပြီး မွေးရပ်မြေကလပ် ဖလာမင်ဂိုအသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။
ဖလာမင်ဂိုအသင်းက မိမိရဲ့ ဦးစားပေးကလပ် ဖြစ်တာကြောင့် တခြားအသင်းတွေရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာဖြစ်ကြောင်း ပါကေတာက ပြောသွားပါတယ်။


