
ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့တာက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့် ဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ ရိုစီနီယာက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ နာပိုလီနဲ့ အဝေးကွင်းပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အဆင့် ၆ နေရာ အထိ တက်လှမ်းပြီးနောက်ဆုံး ၁၆ သင်း အဆင့်ဆီ တက်ရောက်နိုင်ခဲ့တာပါ။
ဒီလိုစွမ်းဆောင်နိုင်မှုက မိမိကြောင့်မဟုတ်ဘဲ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့်သာ ဖြစ်ကြောင်းနဲ့ မိမိအနေနဲ့ ဘယ်ကိုမှ သက်သေပြဖို့လုပ်ဆောင်တာမျိုး မရှိဘဲ အသင်းရဲ့ နည်းပြချုပ် တယောက်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့တာသာဖြစ်ကြောင်း နည်းပြ ရိုစီနီယာက ပြောပါတယ်။
နာပိုလီကို အဝေးကွင်းမှာ အနိုင်ယူခဲ့တာက ထိပ်တန်းအဆင့်အတွေ့အကြုံ မရှိဘူးလို့ ဝေဖန် ခံနေရတဲ့ လူငယ်နည်းပြ ရိုစီနီယာအတွက် သူ့ရဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာ ဖြစ်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။


