
ချဲလ်ဆီးအသင်းဟာ အသင်းလူစာရင်းကနေ ဖယ်ထုတ်ထားတဲ့ ရာဟင်းစတာလင်ကို စာချုပ်ဖျက်သိမ်းဖို့ ကြိုးပမ်းနေပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ၂၀၂၂ ခုနှစ်က မန်စီးတီးကနေ ပေါင် ၄၇ သန်းကျော်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
မနှစ်က အာဆင်နယ်မှာ အငှားလာကစားခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့ စတာလင်ဟာ ချဲလ်ဆီးအသင်းဆီ ပြန်လာခဲ့ပေမဲ့ အသင်းက ပြန်လည်အသုံးပြုခြင်း မရှိတော့ဘဲ လူစာရင်းကနေ ဖယ်ထုတ်ထားခဲ့တာပါ။
စတာလင်ဟာ တပတ်လုပ်ခ ပေါင် ၃၂၅,၀၀၀ ရရှိနေသူဖြစ်ပြီး ချဲလ်ဆီးဘက်က စာချုပ်ဖျက်သိမ်းဖို့ လုပ်ဆောင်မှုဟာ ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်သိမ်းခင်မှာ အပြီးသတ်နိုင်ဖို့ စီစဉ်ထားပါတယ်။
အသက် ၃၁ နှစ်ရှိ အင်္ဂလန်ကစားသမားဟာ အသင်းအတွက် ၈၁ ပွဲ ကစားခဲ့ပြီး ချဲလ်ဆီးမှာ ကစားခွင့်မရတော့တာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
Photo:Reuters


