
ချဲလ်ဆီးနဲ့ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ စတာလင်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ စပါးအသင်း ပါဝင်လာပါတယ်။
စပါးတိုက်စစ်မှူး ရစ်ချာလီဆင်နဲ့ ဆိုလန်ကီတို့ ဒဏ်ရာရရှိနေပြီး မူအမ်နီနဲ့ မက်သီတဲလ်တို့ရဲ့ စွမ်းဆောင်ရည်အပေါ် အားမရသေးတာကြောင့် တိုက်စစ်ကစားသမား တယောက်ခေါ်ယူဖို့ စီစဉ်လာခဲ့တာပါ။
စတာလင်ဟာ မနှစ်က ရာသီမှာ အာဆင်နယ်ဆီအငှားထွက်ကစားခဲ့ပြီး ချဲလ်ဆီးအသင်းဆီ ပြန်လာခဲ့ပေမဲ့ လူစာရင်းကနေဖယ်ရှားခံခဲ့ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စာချုပ်ဖျက်သိမ်းခြင်း ခံခဲ့ရတာပါ။
ပွဲမကစားရတာ ရက်ပေါင်း ၂၅၀ လောက် ကြာမြင့်နေတဲ့ စတာလင်ကို စပါးအသင်းကခေါ်ယူဖို့ စဉ်းစားလာခဲ့တာဖြစ်ပြီး နာပိုလီ၊ ဂျူဗင်တပ်အသင်းတွေကလည်း ခေါ်ယူဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။
Photo:Reuters


