
တောင်ပံကစားသမား စတာလင်ကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ လုပ်ခလစာ တောင်းဆိုမှု များပြားတာကြောင့် အခက်အခဲရှိခဲ့ကြောင်း နာပိုလီအသင်း အားကစားဒါရိုက်တာ မမ်နာက ပြောပါတယ်။
စတာလင်ဟာ မနှစ်က အာဆင်နယ်မှာ တရာသီ အငှားလာကစားခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဆီ ပြန်သွားခဲ့ပေမဲ့ အသင်းဘက်က လူစာရင်းကနေ ထုတ်ပယ်ပြီး အသုံးပြုခြင်း မရှိတော့ပါဘူး။
စတာလင်က အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ပွဲမကစားရတာ ကြာမြင့်နေကြောင်းနဲ့ နွေရာသီကတည်းက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမဲ့ မြင့်မားတဲ့ ဘဏ္ဍာရေးအခြေအနေက ခေါ်ယူဖို့ ခက်ခဲကြေင်း နာပိုလီဒါရိုက်တာ မမ်နာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ တပတ်လုပ်ခ ပေါင် ၃၂၅,၀၀၀ အထိ ပေးချေနေရတဲ့ စတာလင်ကို နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် စတာလင်အနေနဲ့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။


