
ဝက်စ်ဟမ်းနဲ့ပွဲမှာ ၂ ဂိုး အရင်ပေးရပြီး ၃ ဂိုးသွင်းကာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာက အသင်းသားတွေရဲ့ စရိုက်လက္ခဏာက အဓိကကျကြောင်း ချဲလ်ဆီးနည်းပြ ရိုဆီနီယာက ပြောသွားပါတယ်။
စနေနေ့ကပွဲစဉ်မှာ ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဝက်စ်ဟမ်းကို ဦးဆောင်ဂိုး ၂ ဂိုး အရင်ပေးခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ ၃ ဂိုးဆက် တိုက်သွင်းပြီး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာ အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပြီး နည်းဗျူဟာပိုင်းထက်စာရင် အသင်းသားတွေရဲ့ စရိုက်လက္ခဏာ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေက နိုင်ပွဲရရှိစေခဲ့တာဖြစ်ကြောင်း နည်းပြ ရိုစီနီယာက ပြောပါတယ်။
ရိုဆီနီယာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းသစ်နဲ့ ပထမဆုံး ၃ ပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့တဲ့ စတုတ္ထမြောက် အင်္ဂလိပ်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


