Home
မြန်မာသတင်း
သရက်‌‌ချောင်းမြို့နယ်ရှိ ဝင်းဝ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
March 12, 2026
KNLA ပူးပေါင်းတပ်ဖွဲ့ဝင်အချို့နှင့် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ။ (Photo: KNU)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော် အခြေချ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA နဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ် ၁၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ဝင်းဝတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၇ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တလကျော်အကြာ မတ် ၁၁ ရက် ညနေ ၄ နာရီလောက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ကာ  လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း မြိတ်ထားဝယ်ခရိုင်၊ အမှတ် ၄ တပ်မဟာနယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်အုပ်စုတို့အကြား တိုက်ပွဲ ၅၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က ၁၇၃ ယောက် သေဆုံးကာ ၈၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ စစ်အုပ်စုတပ်စခန်းတွေဖြစ်တဲ့ ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင်နဲ့ မောမစား တပ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013