
ဘိုင်ယန်မြူးနစ်ဟာ အဓိကတိုက်စစ်မှူး ဟာရီကိန်းမပါဝင်နိုင်တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ လီဆေးရဲ့ ခြေစွမ်းပြမှုကြောင့် အတ္တလန္တာအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ်။
မိုက်ကယ်အိုလီဆေးဟာ ပွဲစပြီး ၂၅ မိနစ်အတွင်း ရရှိခဲ့တဲ့ ဦးဆောင်ဂိုး ၃ ဂိုးစလုံးမှာ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့သလို ကိုယ်တိုင်လည်း ၂ ဂိုး သွင်းယူကာ အသင်းအတွက် အောင်ပွဲဖော်ဆောင် ပေးခဲ့တာပါ။
ကျန်ဂိုးတွေကို နီကိုလက်စ်ဂျက်ဆင်၊ မူစီယာလာ၊ ဂနာဘရီနဲ့ စတာနီဆစ်တို့က အသီးသီး သွင်းယူ ခဲ့ကြပြီး အိမ်ရှင်အတ္တလန္တာအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီးမှာ ပါဆာလစ်က သွင်းယူခဲ့ပါတယ်။
အိုလီဆေးဟာ ၁၉၉၈ ခုနှစ်က ဇီဒန်းနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံး ပြင်သစ်ကွင်းလယ်လူ ဖြစ်လာသလို ဘိုင်ယန်အတွက်လည်း ၂၃ ပွဲမှာ ၁၀ ဂိုးသွင်း၊ ၁၈ ကြိမ် ဂိုးဖန်တီးထားနိုင်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်ဟာ အဝေးကွင်း ၉ ပွဲဆက် ရှုံးနိမ့်ခြင်း မရှိတဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို မတ် ၁၈ ရက်မှာ ကစားမယ့် ဒုတိယအကျော့အတွက်လည်း အခြေအနေ အလွန်ကောင်းသွားပြီ ဖြစ်ပါတယ်။
Photo: Reuters


