Home
အားကစား
ဒေါ့မွန်ကို အနိုင်ယူပြီး အတ္တလန္တာအသင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်
DVB
·
February 26, 2026
Photo: Reuters

အတ္တလန္တာအသင်းဟာ ပထမအကျော့က ၂ ဂိုးပြတ် ရှုံးခဲ့တာကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် တုံ့ပြန်ပြီး ဒေါ့မွန်ကို နှစ်ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူကာ ၁၆ သင်းအဆင့်ကို တက်သွားပါတယ်။

အတ္တလန္တာအတွက် စကာမာကာ၊ ဇက်ပါကော်စတာနဲ့ ပါဆာလစ်တို့က ဂိုးတွေသွင်းခဲ့ပြီး ဒေါ့မွန်အတွက် အဒီယေမီက ချေပဂိုးတဂိုး ပြန်သွင်းခဲ့လို့ ပွဲက အချိန်ပိုဆက်ကန်ရဖို့ နီးစပ်ခဲ့တာပါ။

ဒါပေမဲ့ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလို နာကျင်အချိန်ပိုမှာ ဒေါ့မွန်နောက်ခံလူ ဘန်ဆီဘိုင်နီရဲ့ အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှုကြောင့် အတ္တလန္တာတို့ ပင်နယ်တီရခဲ့ပါတယ်။

ဒီပင်နယ်တီကို ဆာမာဒရစ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့လို့ အတ္တလန္တာတို့ မယုံနိုင်စရာ Comeback နိုင်ပွဲ ရခဲ့တာဖြစ်ပြီး ၁၆ သင်းအဆင့်မှာ အာဆင်နယ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013