
ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တက်ဖို့အတွက် ဒီနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေအပြီးမှာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း နဲ့အတူ PSG၊ ဂါလာတာစာရေးနဲ့ အတ္တလန္တာတို့ ချန် ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်သွားပါတယ်။
ရီးရဲလ်အသင်းက အုပ်စုအဆင့်မှာ သူတို့ကို ၁၆ သင်းအဆင့် တိုက်ရိုက်တက်ခွင့်မရအောင် အနိုင်ယူခဲ့တဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး တဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးနဲ့ ၁၆ သင်းအဆင့် တက်သွားတာပါ။
PSG အသင်းကတော့ တနိုင်ငံတည်း ပြိုင်ဘက် မိုနာကိုကို ၂ ဂိုးစီ သရေကျခဲ့ပေမဲ့ ပထမအကျော့မှာ ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၄ ဂိုး နဲ့ ၁၆ သင်း အဆင့် တက်သွားပါတယ်။
ဂါလာတာစာရေးကလည်း ဂျူဗင်တပ်စ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမဲ့ ပထမအကျော့မှာ ၅ ဂိုး ၂ ဂိုးနဲ့ နိုင်ထားတာကြောင့် ဂိုးရလဒ်တူနေတဲ့အတွက် အချိန်ပိုကန်ခဲ့ရာမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်သွားတာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းကို ပထမအကျော့မှာ ၂ ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ထားတဲ့ အတ္တလန္တာအသင်းကတော့ အိမ်ကွင်းမှာ ၄ ဂိုး တဂိုးနဲ့ ပြန်အနိုင်ယူပြီး ၁၆ သင်းအဆင့် တက်သွားပါတယ်။


