
တိုက်စစ်မှူး ဟယ်ရီကိန်းကို သက်တမ်းတိုးဖို့ ရှိ၊ မရှိအပေါ် ဘိုင်ယန်မြူးနစ်က ဆွေးနွေး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ ဘိုင်ယန်နဲ့ ၂၀၂၇ ခုနှစ်အထိစာချုပ် သက်တမ်းကျန်သေးပေမဲ့ သူ့ရဲ့အနာဂတ်ကိစ္စအပေါ် ကြိုတင်ဆွေးနွေးပြီး ဆုံးဖြတ်ချက်တခု ချမှတ်သွားဖို့ ရှိနေတာပါ။
ဂျာမန် ဘောလုံးကျွမ်းကျင်သူ ဟိုနစ်စတိန်းကတော့ ဟယ်ရီကိန်းဟာ ဘိုင်ယန်မှာ ကစားသမားဘဝ ကုန်ဆုံးလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားတာကြောင့် တချိန်မှာအသင်းကနေ ထွက်ခွာလိမ့်မယ်လို့ ပြောပါတယ်။
ချဲလ်ဆီးကနေ ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူးသစ် ဂျက်ဆင်ဟာ ဟယ်ရီကိန်းကို နေရာပျောက်စေမှာ မဟုတ်ဘဲ ဟယ်ရီကိန်းနဲ့ တွဲဖက်ကစားမယ့်သူသာ ဖြစ်နိုင်တယ်လို့လည်း ဟိုနစ်စတိန်းက ပြောပါတယ်။
ကိန်းဟာ ၂၀၂၃ ခုနှစ်က စပါးကနေ ပေါင် ၈၆ သန်းကျော်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ဘိုင်ယန်နဲ့ ပွဲ ၁၀၀ ကစားအပြီးမှာ ၉၁ ဂိုးအထိ သွင်းယူထားပါတယ်။




