Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တညတည်း တရားမဝင်မြန်မာ ၄၅  ဦး ဖမ်းဆီးခံရ 
DVB
·
March 10, 2026
Photo: Royal Thai Army
Photo: Royal Thai Army
Photo: Royal Thai Army
Photo: Royal Thai Army
Photo: Royal Thai Army
Photo: Royal Thai Army
Photo: Royal Thai Army

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ တညအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ဦး ဖမ်းဆီးခံရတယ်လို့  ထိုင်းသတင်းတွေမှာ  ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာကြောင့် ဆန်ခလပူရီမြို့နယ် အမှတ် ၁၃၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ ထိုင်းစစ်တပ် လတ်ယာ့စစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲတဲ့ မတ် ၈ ရက်ညက  နယ်မြေတွင်း လုံခြုံရေးလှည့်လည်စစ်ဆေးခဲ့ပါတယ်။ 

ည ၁၀ နာရီလောက်မှာတော့ နောင်လူးအုပ်စု ဘန့်ချောင့်ကလျားရွာ တောင်ပေါ်စိုက်ခင်းမှာ လမ်းလျှောက်လာတဲ့ လူတစုကို တွေ့ရှိခဲ့ပါတယ်။ သူတို့တွေဟာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပြီး စုစုပေါင်း ၂၅ ယောက် ရှိတယ်၊  အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၀ ယောက်နဲ့ လမ်းပြ နိုင်ထွန်းတိုး (၃၃ နှစ်) တို့ဖြစ်ပြီး အဲဒီထဲမှာ ကလေး ၃ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

အလားတူ အဲဒီည ၁၁ နာရီခွဲလောက်မှာ  နမ့်ကစ်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး  တောထဲကနေ  ခြေလျင်လျှောက်ပြီး ဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ယောက် အမျိုးသမီး ၈ ယောက်  စုစုပေါင်း ၂၀ ယောက် တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဲဒီညက ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၄၅ ယောက်လုံးဟာ  ရန်ကုန် နဲ့ မော်လမြိုင်က ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်း နခွန်းပထုန် နဲ့ စမွတ်စခွန်းခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့အတွက် ဝင်ရောက်လာကြကာ ပွဲစားကို တယောက်လျှင် ဘတ် ၁၅,၀၀၀ မှ ၃၀,၀၀၀ ထိ ပေးရပေမဲ့ ခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝကဥပဒေနဲ့ အရေးယူဖို့  ဆန်ခလပူရီရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

Source -  Royal Thai Army/ JoCho News/Kanchanaburi News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013