
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က မတ် ၉ ရက်မှာ အာတိတ်ဒေသအတွင်း ၂ နှစ်တကြိမ် စစ်ရေးလေ့ကျင့်တာတွေကို စတင်ခဲ့ပါတယ်။
ခုတကြိမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ NATO အဖွဲ့ဝင် ဒိန်းမတ်ဆီကနေ ဂရင်းလန်းကျွန်းကို သိမ်းဖို့ တွန်းအားပေးမှုတွေကြောင့် တင်းမာမှုတွေ မြင့်မားနေပါတယ်။ ဒီအချိန်မှာ စစ်တပ်ကို ပံ့ပိုးရာမှာ အရပ်သားတွေရဲ့ အခန်းကဏ္ဍကို ပိုအလေးပေးခဲ့ပါတယ်။
Cold Response လို့ နာမည်ပေးထားတဲ့ လေ့ကျင့်ခန်းတွေဟာ ဥရောပရဲ့ အာတိတ်ဒေသက မဟာမိတ်အဖွဲ့ကို ကာကွယ်ဖို့ အာရုံစိုက်ထားပါတယ်။
NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ နော်ဝေနဲ့ ဖင်လန်တို့က ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။
စစ်ရေးလေ့ကျင့်ခန်းကို အခုတကြိမ်မှာ မတ် ၉ ရက်ကနေ ၁၉ ရက်အထိ လုပ်မှာဖြစ်ပါတယ်။ ခုလေ့ကျင့်ခန်းဟာ ဂရင်းလန်းနဲ့ပတ်သက်ပြီး ထရမ့်ပ်နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ စခဲ့တာပါ။
ဝင်ရိုးစွန်းဒေသမှာ ရှိနေတဲ့ NATO တပ်တွေကို အားကောင်းစေဖို့ NATO ရဲ့ အာတိတ်ကင်းသမား စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းလည်း ဖြစ်လာခဲ့ပါတယ်။
အမေရိကန်ဟာ အာတိတ်ဒေသက ရုရှားနဲ့ တရုတ် အကျိုးစီးပွားတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ဂရင်းလန်းကျွန်းကို လိုအပ်တယ်၊ ဒိန်းမတ်က ဂရင်းလန်းရဲ့ လုံခြုံရေးကို အာမ မခံ နိုင်ဘူးလို ထရမ့်ပ်က အခိုင်အမာ ပြောပါတယ်။
ဒိန်းမတ်နဲ့ ဂရင်းလန်းအစိုးရတွေက ဂရင်းလန်းကျွန်းဟာ ရောင်းဖို့မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။
အခုနှစ်ထဲမှာ အမေရိကန်နဲ့ ဒိန်းမတ် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက တပ်ဖွဲ့ဝင် ၂၅,၀၀၀ လောက်ဟာ Cold Response စစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်လေ့ကျင့်မှာဖြစ်ပြီး နေရာအများစုက နော်ဝေမြောက်ပိုင်းနဲ့ ဖင်လန်တဝန်းမှာ လေ့ကျင့်မှာပါ။
အမေရိကန်က တပ်ဖွဲ့ဝင် ၄,၀၀၀ လောက်ပါဖို့ မျှော်လင့်ထားပါတယ်။ လေ့ကျင့်ခန်းမတိုင်မီ အမေရိကန်စစ်တပ်က F-35 တိုက်လေယာဉ်တပ်ခွဲတခွဲကို လေ့ကျင့်ခန်းကနေ ရုပ်သိမ်းခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲက ဒီဆုံးဖြတ်ချက်မှာ အခန်းကဏ္ဍတခုအဖြစ် ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကိုတော့ ပြောဖို့ ငြင်းခဲ့ပါတယ်။ နော်ဝေနိုင်ငံက ၂၀၂၆ ခုနှစ်ကို “အလုံးစုံကာကွယ်ရေးနှစ်” အဖြစ် ကြေညာခဲ့ပါတယ်။
အရပ်သားတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ စစ်ပွဲနဲ့ တခြားဘေးအန္တရာယ် တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်မှုကို မြှင့်တင်ရေး အလေးပေးလုပ်ဆောင်ခဲ့ပြီး အရပ်သားတွေ အသင့်ဖြစ်မှုကို မြှင့်တင်ဖို့ နော်ဒစ်နိုင်ငံတခုရဲ့ နောက်ဆုံးလှုပ်ရှားမှုလည်း ဖြစ်ခဲ့ပါတယ်။
Source: Reuters


